❓ Frequently Asked Questions
Q: FTTX ဆိုတာဘာလဲ? ADSL, Wireless Internet တို့နှင့် ဘယ်လိုကွာခြားပါသလဲ?
A:
FTTX ဆိုတာ (Fiber to the X) ရဲ့အတိုကောက်ဖြစ်ပြီး ကမ္ဘာ့နောက်ဆုံးပေါ် အင်တာနက်နည်းပညာတစ်မျိုးဖြစ်ပါတယ်။
- FTTH (Fiber to the Home)
- FTTO (Fiber to the Office)
- FTTB (Fiber to the Business)
ဖိုက်ဘာအင်တာနက်က ADSL, Wireless စနစ်များထက် ပိုတည်ငြိမ်ပြီး မြန်ဆန်ပါသည်။
Q: Home Plan, Premium Plan, Corporate Plan, DIA Plan တွေ ဘယ်လိုကွာခြားပါသလဲ?
A:
Home, SME (Small and Medium Enterprise), Corporate Plan တို့သည် အင်တာနက် ဝန်ဆောင်မှုများအတွက် သတ်မှတ်ထားသည့် အမျိုးအစားများဖြစ်ပြီး အသုံးပြုသူအမျိုးအစားနှင့် အသုံးပြုဆောင်ရွက်မှုအလိုက် ကွဲပြားမှုများရှိပါသည်။ အဓိက ကွာခြားချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
အမျိုးအစား | Home Plan | Premium Plan | Corporate Plan/DIA |
---|---|---|---|
ရည်ရွယ်ချက် | နေ့စဉ်အသုံးပြုမှု | အသေးစား/အလတ်စားလုပ်ငန်း | အကြီးစားလုပ်ငန်းများ |
အင်တာနက်အမြန်နှုန်း | ပုံမှန် | မြန်နှုန်းပိုမြင့် | Dedicated Line (Symmetric) |
စျေးနှုန်း | သက်သာ | အလယ်အလတ် | မြင့် |
အထူးအင်္ဂါရပ်များ | ပုံမှန် Streaming | သီးသန့် IP, File Sharing | SLA, Customizable Network |
Q: Internet Package တွေက Data အကန့်အသတ်ရှိပါသလား?
A:
Mahar NET မှပေးသော Internet Package များသည် အကန့်အသတ်မရှိဘဲ အပြည့်အဝသုံးနိုင်ပါသည်။
Q: Unlimited Data ဆိုတာဘာလဲ?
A:
Unlimited Data ဆိုတာ Upload/Download တို့ကို လူကြီးမင်း လိုအပ်သလို အကန့်အသတ်မရှိ သုံးစွဲနိုင်ခြင်း ဖြစ်ပါတယ်။
Q: Internet Package တွေက Upload နဲ့ Download Speeds တူညီစွာရပါသလား?
A:
Mahar NET မှ Download နှင့် Upload Speeds များ တူညီစွာပေးစွမ်းပြီး Gaming, Cloud Storage, Live Streaming အတွက် အကောင်းဆုံးပါ။
Q: Internet Package တွေက Wi-Fi Router / Wi-Fi Access Point ပါပြီးသားလား?
A:
FTTH Plan များတွင် Built-in Wi-Fi ပါသော Fiber Modem (ONU) ပါဝင်သည်။ ကျယ်ဝန်းသော အိမ်များအတွက် ထပ်မံ Wi-Fi Router တပ်ဆင်ရန် Hotline ဖုန်းနံပါတ်များ သို့ဆက်သွယ်နိုင်ပါသည်။
Q: Speed Test စစ်ချင်ရင်ဘယ်လိုစစ်ရမလဲ?
A:
Wi-Fi ချိတ်ဆက်မထားဘဲ ONU Router သို့ LAN Cable ဖြင့် Laptop/PC ကို ချိတ်ဆက်ပြီး www.speedtest.net တွင် စစ်ဆေးနိုင်ပါသည်။
Wi-Fi ဖြင့်စစ်ဆေးမှုသည် တိကျမှုမရှိနိုင်ပါ။
Q: Speedtest စမ်းရာမှာ Mbps နဲ့ပြပြီး File Download လုပ်ရာမှာ MB နဲ့ပြတာ ဘာကြောင့်ပါလဲ?
A:
Speedtest များသည် Mbps (Megabits per second) ဖြင့်ပြသည်။ File Download လုပ်ရာတွင် MBps (Megabytes per second) ဖြင့်ပြသည်။
1 Byte = 8 Bits ဖြစ်သောကြောင့် 20 Mbps = 2.5 MBps Download Speed ဖြစ်သည်။
Q: Bill ဘယ်လိုဆောင်ရမလဲ?
A:
လစဉ်ကြေးပေးဆောင်ရန် Mahar NET ISP ၏ Invoice များကို SMS မှတစ်ဆင့် ပေးပို့မည်ဖြစ်ပြီး Bank Account များသို့ သက်ဆိုင်ရာ Mobile Banking နှင့်ပေးဆောင်နိုင်ပါသည်။
Q: Billing က Postpaid လား Prepaid လား?
A:
Mahar NET သည် Prepaid (ကြိုတင်ပေးစနစ်) ဖြင့် ဝန်ဆောင်မှုပေးသည်။ Customer များအနေဖြင့် ၃လ၊၆လ၊၁နှစ် ကြိုတင်ပေးနိုင်သည်။
Q: Bill ဆောင်ရမည့်နောက်ဆုံးရက်?
A:
Mahar NET သည် Prepaid စနစ်ဖြစ်သောကြောင့် လစဉ်ကြေးပေးဆောင်ရမည့် နောက်ဆုံးရက်မတိုင်မီ (၅) ရက်အလိုတွင် SMS ဖြင့် အသိပေးမည်ဖြစ်သည်။
Q: Terms and Conditions များ အကြောင်းရှင်းပြပေးပါ။
A:
- ကြိုတင်ပေးဆောင်မှုမပြုလုပ်ပါက လိုင်းပြတ်တောက်နိုင်သည်။
- သုံးစွဲမှုအား ရပ်နားလိုပါက Billing Period မတိုင်မီ (၅) ရက်အတွင်း အကြောင်းကြားပေးရမည်။
- 6 လမပြည့်မီရပ်နားပါက ဝန်ဆောင်ခ (၅၀,၀၀၀) ကျပ် ပေးဆောင်ရမည်။
Q: အင်တာနက်လိုင်းကျခြင်းနဲ့ ပတ်သတ်လို့ ဘယ်လိုမျိုး ဆောင်ရွက်ပေးလဲ?
A:
Hotline ဖုန်းနံပါတ်များသို့ ဆက်သွယ်ပါက NOC (Network Operation Center) နှင့် CSD (Customer Service Department) မှ 24/7 ပြန်လည်ဖြေကြားပါသည်။
Q: Order တင်ပြီး ဘယ်နှစ်ရက်အတွင်းလာရောက်တပ်ဆင်ပေးပါသလဲ?
A:
Order တင်ပြီးနောက် (၁) ပတ်အတွင်း လာရောက်တပ်ဆင်ပေးမည်ဖြစ်သည်။ (နေရာအခြေအနေ ပေါ်မူတည်၍ ကွာခြားနိုင်သည်။)
Why Choose Mahar NET?
- 📡 Reliable Internet with consistent speeds.
- 🛠️ Comprehensive customer support 24/7.
- 💳 Flexible billing and package options.
MaharNET Yangon
📞 Hotline: 09770333373
🌐 Facebook | 📩 Viber | 🎥 TikTok | ▶️ YouTube | 📱 Telegram
MaharNET Mandalay
📞 Hotline: 09770333383
🌐 Facebook | 📩 Viber | 🎥 TikTok | ▶️ YouTube | 📱 Telegram
MaharNET Sagaing
📞 Hotline: 09770333383
🌐 Facebook | 📩 Viber | 🎥 TikTok | ▶️ YouTube | 📱 Telegram
MaharNET Pyin Oo Lwin
📞 Hotline: 09770333383
🌐 Facebook | 📩 Viber | 🎥 TikTok | ▶️ YouTube | 📱 Telegram